Wednesday, 20 March 2013

"လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ အဆီကျဗိုက်ချပ်စေသည့် နည်လမ်းကောင်း"

"လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ အဆီကျဗိုက်ချပ်စေသည့် နည်လမ်းကောင်း"

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

 ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ…

အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်

ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…


အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း……

 ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…

တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့…  တွေ့မြင် ခံစားရမှာပါ…(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး… ကျေးဇူးတင်ကြောင်း… ထောက်ခံချက်ပေးလာသောကြောင့်… သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်…..

မိတ်ဆွေများထံမှ သိရခြင်းဖြစ်ပါသည်။

Credit to: အေးနန္ဒာအောင်(မူလမျှဝေသူ)


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပန်းကန်လုံးထဲကို အရည်ညှစ်ပါ…

အကြမ်းပန်းကန်လုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်

ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…


အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း……

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…

တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ…(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး… ကျေးဇူးတင်ကြောင်း… ထောက်ခံချက်ပေးလာသောကြောင့်… သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်…..

မိတ်ဆွေများထံမှ သိရခြင်းဖြစ်ပါသည်။

Credit to: အေးနန္ဒာအောင်(မူလမျှဝေသူ)

Tuesday, 19 March 2013

Himiko မြစ်သင်္ဘောဘတ်စ် `~

    

Himiko ဆိုတာ ဂျပန်တို့ရဲ့  သမိုင်းထဲက ပထမဆုံး ဘုရင်မ ဖြစ်ပြီး သူ့အမည်နဲ့ မြစ်ကူး သင်္ဘော တစ်စီးကို ဆောက်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့ သင်္ဘော ဖြစ်ပြီး ပုံစံကို ယခုလို ထူးထူးခြားခြား မြင်တွေ့ ရပါတယ်။  Odaiba ကျွန်းကို သွားလာဖို့အတွက် တည်ဆောက်ထားတဲ့ ခရီးသည်တင် သင်္ဘော ဖြစ်ပါတယ်။

ပုံစံအားဖြင့်လည်း ထူးခြားပြီး ဂြိုလ်သားယာဉ်တစ်ခုနဲ့ တူတဲ့ ယင်း သင်္ဘောကို Alien ship လို့လည်း နာမည်ပြောင် ပေးထားပါတယ်။             

                                                                                              
    http://www.innewsmyanmar.com

ထူးဆန်းထွေလာ သတင်း

အသုဘချပြီး (၇) ရက် အိမ်မှာကပ်မကပ်



အသုဘသွားတိုင်း မြန်မာ ဗုဒ္ဓဘာသာလူအများစု မလွန်ဆန်နိုင်သေးတဲ့ ရိုးလာဓလေ့တစ်ခုကို သွားတွေ့ ပါတယ်။ တစ်ခု မကပါဘူး အများကြီးပါ။ ဥပမာ - သပြေပန်းသို့မဟုတ် အခြားပန်းအမျိုးမျိုးအား အသုဘအလောင်း မှ ပြန်သယ်လာပြီး အသက်ဝိဥာဉ် ပြန်ပါလာတယ်လို့ ယုံကြည်ခြင်း၊ အသုဘပြန်ရင် ကင်ပွန်းရည်၊ တယော်ရည်နဲ့ ခြေဆေး၊ ခေါင်းဆေးရတာမျိုး တို့လိုဟာတွေ ဖြစ်ပါတယ်။

ပုံပြင် သို့မဟုတ် ဇာတ်လမ်း

ပုံပြင်ထဲမှာပေါ့။ မောင်ဘယ်သူ၊ မဘယ်သူက ကွယ်လွန်တော့ သူ့စည်းစိမ်နဲ့ မိသားစုကို သံယောဇဉ်မပျက်ရှာ ဘူး။ ဒါနဲ့ပဲ ဗြိတ္တာလို ဘုံဘဝရောက်ပြီး အိမ်မှာပဲ တစ်ဝဲလည်လည်နေပါတယ်။ ညဘက် အိပ်နေတဲ့ မိသားစုဆီကို လည်း အသံပေးလို့တစ်မျိုး၊ ခြောက်လှန့်လို့တစ်မျိုးနဲ့ တွယ်ကပ်နေရှာတယ်။ ဒီတော့ တစ်ပတ်ပြည့်ချိန်မှာ ဆွမ်းကပ်ပွဲ၊ အလှူပွဲငယ်လေး လုပ်လိုက်တော့ အိမ်မှာ နတ်ကောင်းနတ်မြတ်တွေ လာရောက် စောင့်ရှောင့်ကြပြီး ဘုံပျောက်နေတဲ့ ဗြိတ္တာနဲ့ နာနာဘဝများ အဝေးသို့ သွားရပါတယ်။ ဗြိတ္တာ ဘဝ ကနေ ကုသိုလ်ပြုလုပ်ပြီး စုတိချင်နေတဲ့ ကွယ်လွန်သူ ဘဘယ်သူ အတွက်ပါဆိုပြီး အမျှဝေကုသိုလ်စီးဖြန်းပေး လိုက်တော့ ဟိုကလည်း ဗြိတ္တာ ဘုံဘဝမှာတင် ကုသိုလ်ထူးတွေရသွားတယ်လို့ ဆိုပါတယ်။

နောက်တစ်မျိုးကျပြန်တော့ ကွယ်လွန်သူ မောင်ဘယ်သူ၊ မဘယ်သူ က ပြုထားတဲ့ ကုသိုလ်မလောက်မငှနဲ့မို့ နတ်ဖြစ်သော်လည်း အရောင် အဝါမတင့်ချေဘူးတဲ့။ ဒီလိုနဲ့ တစ်ပတ်ပြည့် ဆွမ်းကပ်အလှူပွဲမှာ တရား လည်း လာနာရော သံဝေဂတရားတွေရပြီး အရောင်အဝါတက်လာတဲ့ နတ်အဆင့်ကိုရောက်သွားရတယ်လို့ ဆိုပါလေရော။

လက်တွေ့ဘဝ ကျင့်သုံးမှု

ဒီတော့ အထက်ပါ ကဲ့သို့ များပြားလှတဲ့ ပုံပြင်များ၊ ဖြစ်ရပ်များကို အစွဲပြုပြီး အတုယူမှတ်သား လိုက်တာက သေပြီး ၇ ရက် အိမ်မှာကပ်မယ်။ အသုဘမှာ ပန်းတစ်ပွင့်နဲ့ သူ့လိပ်ပြာ (အသက်ချောင်း) ကို ခေါ်လာမယ်။ အိမ်မှာ ထားမယ်။ ပြီးတော့ ၇ ရက်ပြည့် ဆွမ်းကပ်အလှူပေးပြီးတဲ့အခါ အမျှဝေမယ်။ လွတ်ကင်းမယ်။ ဒီတော့ အသုဘချပြီး ၇ ရက်တိတိ အိမ်မှာ လည်တယ် ဆိုတဲ့ အယူအဆဟာ စွဲကိုစွဲရပါရော။ မြန်မာပြည်တစ်ဝန်းက ဗုဒ္ဓဘာသာနွယ်ဝင် အများစု ကျင့်သုံးလက်ခံနေတဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။

အမှန်တရား

ဇာတိ၊ ဇရာ၊ မရဏ ပြောပါများ၊ ကြားပါများလို့ ရိုးနေကြပါပြီ။ မွေးဖွား၊ အိုနာ၊ သေ သုံးမျိုးနဲ့ သံသရာစက်ဝန်းမှာ လည်ပတ်နေကြပြီး စုတိ (မရဏ) လို့ခေါ်တဲ့ သေဆုံးခြင်း နဲ့ ပဋိသန္ဓေ (ဇာတိ) တို့ဟာ စက္ကန့်မခြား ဖြစ်ပျက် ပါတယ်။ အရှင်းဆုံး နာလည်အောင် ရေးရမယ်ဆိုရင် ခုပဲသေ၊ ခုပဲ ပြန်ဖြစ် ပါတယ်။ ဘာဖြစ်လဲ ဆိုတာတော့ စာရေးသူတို့ သာမန်ဥာဏ်နဲ့မသိနိုင်ပါဘူး။ နိဗ္ဗာန်ပဲ သွားမလား၊ ၃၁ ဘုံမှာပဲ ပြန်ကျင်လည်မလားဆိုတာ ပြုလုပ်တဲ့ အကုသိုလ်၊ ကုသိုလ်အပေါ်မှာ မူတည်သွားပါတယ်။ ဒါက တစ်ကဏ္ဍပါ။ ခု ဆိုလိုချင်တာက ခုပဲသေပြီးရင် နောက်ဘဝ တစ်ခုခုကို စက္ကန့်မခြား ဖြစ် တယ်၊ ရောက်တယ်လို့ မြတ်စွာဘုရားရှင်မှ ဟောကြားထားပါတယ်။ သဘာဝအမှန်တရားပါ။ ရှိရင်းစွဲ အမှန်တရားကို မြတ်စွာဘုရားရှင်က လူတိုင်းသိအောင် ရှင်းလင်းဟောကြားထားတဲ့ တရား ဖြစ် ပါ တယ်။ သေပြီးတာနဲ့ နောက်ထပ် ဘဝတစ်ခုမှာ ချက်ချင်း ပဋိသန္ဓေ တည် ပါတယ်။ အမိဝမ်းတစ်ခု သို့မဟုတ် ဘွားကနဲပေါ်လာသော နတ်သကြား၊ ငရဲသား အစရှိသဖြင့် ၃၁ ဘုံတွင်း မွေးဖွားခြင်းပုံစံအမျိုးမျိုးနဲ့ပေါ်ပါတယ်။ ပုံပြင်တွေထဲကလို ဗြိတ္တာဖြစ်မယ်ဆိုရင်တော့ ဘွားကနဲတန်းပေါ်ပြီး ဖြစ် ပါတယ်။ ဒါတွေ ရှင်းနေရင် ပိုပြီးတော့ ခေါင်းရှုပ်သွားပါ လိ့မ်မယ်။ ဆိုလိုရင်း ကိုပြောပါမယ်။


အယူအဆမှန်ကျင့်သုံးရန်

ဒီတော့ ဘယ်သူသေသေ ပန်းယူလာတာမျိုးတို့အခြားသော မိရိုးဖလာ အယူအဆမျိုးတို့က မယူသင့်တော့ပါဘူး။ ဟိုက စက္ကန့်မခြား ပဲ နောက်ဘဝတစ်ခုကို ရောက်နေပြီ။ အသုဘ ရက်ပိုင်းအတွင်း လုပ်လိုက် တဲ့ မိရိုးဖလာ ရိုးရာအစွဲများက မနည်းလှဘူး။ တကယ် ချစ်လို့၊ လွမ်းဆွတ် လို့ သတိရလို့ အလှူအတန်းလုပ်ပေးတယ်ဆို တကယ် ကုသိုလ်စိတ်စစ်စစ်နဲ့ လုပ်ပေးပါ။ သူသာ လူထက်နိမ့်တဲ့ ဘုံဘဝတစ်ခုခုကို ရရင် ဟိတ်တရား ၆ ပါးမစုံတော့တဲ့အတွက် ဘယ်လောက်ပဲ အမျှပေးပေး ၇ ရက်အမျှဝေပွဲပြီးလို့ တရားလာနာနဲ့ သံဝေဂဥာဏ် မရနိုင်တော့ပါဘူး။ ကုသိုလ် ၊အကုသိုလ်ခွဲခြား လက်ခံပေးနိုင်မယ့် တိဟိတ်တရားတွေ မရှိတော့တဲ့အတွက် အမျှဝေပေးတာက သူ့အတွက် မီးပုံထဲမှာနေတုန်း ရေတစ်စက် လောင်းပေး လိုက်တဲ့ သဘောလေးပါပဲ။ ဒီလိုမဟုတ်ပဲ နတ်ဘဝ၊ သကြားဘဝ ၆ ထပ်က တစ်ထပ်ထပ်ဆိုရင်တော့ တစ်မျိုးဖြစ်သွားပါပြီ။ တရားပွဲ အမှီလာလို့ တရားစစ်စစ်နာရရင် သူ့အတွက် ဥာဏ်စင် တစ်ခုခုရလို့ အရိယာ ပုရဂ္ဂိုလ်ဖြစ်နိုင်ချေပါသေးတယ်။


အနှစ်ချုပ်

ဒီတော့ တိုက်တွန်းချင်တာက တစ်ပတ်ပြည့် ဆွမ်းကပ်လုပ်ပါ။ တစ်လပြည့် လုပ်ပါ၊ တစ်နှစ်ပြည့်လုပ်ပါ။ ကောင်းမှု ကုသိုလ်မှန်သမျှ ပြုလုပ်နိုင် တာက ပြုပါ။ ငါဒါလေးလုပ်ပေးလို့ သူဒီဘဝက ကျွတ်ချေမှာပေါ့ ဆိုတဲ့ အယူအဆ လေးတော့ ဖယ်စေချင်ပါတယ်။ အသုဘက ပြန်လာပြီး ပန်းယူလာတာမျိုးတို့ က မှန်ကန်သော အယူအဆ မဟုတ်ပါ။ ပန်းတွေမှာ ဗြိတ္တာတို့များ တွယ်ကပ်လေသလားဆိုရင် ကွယ်လွန်သူ ကိုယ့်မိဘ၊သား၊သမီး၊ မိတ်ဆွေကို သေပြီး ဗြိတ္တာဖြစ်တယ်လို့ မှတ်ယူခြင်း သဘော သက်ရောက်ပါတယ်။ ဒီတော့ ပန်းသယ်လာသူများက မိမိဆွေမျိုးများကို ဗြိတ္တာများလို မှတ်ယူခြင်းသဘောပင် သက်ရောက် ပါသေးတယ်။

တယော်ကင်ပွန်းနဲ့ ခြေဆေးခြင်း၊ ခေါင်းဆေးခြင်း၊ လက်ဆေးခြင်းတို့က ကျန်းမာရေးအရ ကြည့်ရင် ကောင်းပါတယ်။ တယော်ကင်ပွန်းမှာပါတဲ့ ဗီတာမင်ဓာတ်များက အရေအပြားကျန်းမာရေးအတွက် တကယ်ကောင်း ပါတယ်။ ချွေးပြန်နေတုန်းတော့ မဆေးပါနဲ့။ အပူအအေး ဓာတ်အပြောင်း အလဲမြန်ဆန်မှုကြာင့် ကျန်းမာရေး ရှော့ဖြစ်နိုင်ပါတယ်။ ရိုးရိုးရေနဲ့ဆေးဆေး၊ တယော်ရည်နဲ့ ဆေးဆေး သင်္ချိုန်းကနေ ဝိဥာဉ်လိပ်ပြာများ တွယ်ကပ် လာသည်ဟု မယူဆပါနဲ့။ မမှတ်ယူပါနဲ့။ ဝိဥာဉ်လိပ်ပြာဆိုတာ မရှိပါ။ လူမှာ ရုပ်နဲ့ နာမ် နှစ်ခုသာ ဖွဲ့စည်းပြီး တစ်ဘဝမှာ ရုပ်လည်းချုပ်၊ နာမ်လည်းချုပ် ပါတယ်။ ဘာမှ ပါမသွားပါဘူး။ နောက်ဘဝ တစ်ခု ရုပ်အသစ်၊ နာမ်အသစ်နဲ့ ရပါတယ်။ ယင်းရုပ်အသစ်၊ နာမ်အသစ်က ဘဝဟောင်းက ရုပ်၊နာမ် ဟောင်း တို့ ပြုသော ကုသိုလ်၊အကုသိုလ်များကို လိုဏ်ဂူတွင်းက အသံပဲ့တင်သံ ကို ပြန်ကြားရသကဲ့သို့ ပြန်လည် သက်ရောက်မှု ရှိပါတယ်။ ဒါကိုလည်း အခြားဆောင်းပါး တစ်ပုဒ်နဲ့ သီးသန့်ရှင်းလင်းပါ့မယ်။

လူသေလျှင် အသက်ဝိဥာဏ်လိပ်ပြာတို့ ၇ ရက်မနေ အကြောင်းတရားကို စာဖတ်သူတို့ သိရှိနားလည် သွားမယ်လို့ မျှော်လင့်ပါတယ်။ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

----

အောင်ခမ်း (Myanmar Young Buddhist)
http://www.innewsmyanmar.com/2013/03/blog-post_14.html

ဓမ္မစာပေ

လူကိုသစ်ပင်ဖြစ်စေသော် ရောဂါ


လူကို သစ်ပင်ဖြစ်စေတဲ့ ရောဂါ တကယ်ရှိပါတယ်။ သစ်ပင်ဖြစ်စေတယ် ဆိုတာထက် သစ်မြစ်ဖြစ်စေတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်ကိုယ်လုံးကနေ သစ်ပင်ကဲ့သို့ အမြစ်အသားပိုများ အဆမတန်တိုးပွား လာခြင်းမျိုး ဖြစ်ပါတယ်။


ရောဂါ အကြောင်း

ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်များ သွေးနဲ့ တစ်ရှူးမှာ အဆမတန်တိုးပွားလာခြင်း ဖြစ်ပါတယ်။ ဒီတော့ Carcinoma ကို မထိန်းချုပ်နိုင်တဲ့ ရောဂါလို့လည်း တစ်မျိုးခေါ်ပါတယ်။ နာမည်အရှည်ခေါ် လိုက်တော့ Epidermodysplasia verruciformis လို့ အမည်ရ ပါတယ်။

ရောဂါဖြစ်ရသည့် အကြောင်းအရင်း

ဒါက ပုံသေပြောလို့မရပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိ ရင် သွေးဆဲလ်ကနေ ကင်ဆာဖြစ်နိုင်မယ့် တစ်ရှူးတွေ ဖြစ်ပေါ်လာတတ်စေ မယ့် ဘယ်သူကမှ သစ်ပင်ဖြစ်မသွားပါဘူး။ ရှားရှားပါးပါး ဖြစ်သွားသူများ ကတော့ မွေးရာပါ ကင်ဆာဆဲလ်ပါတယ်လို့ ဆိုရမလားပါပဲ။ ငယ်ငယ်တုန်းက  အသားပိုတုံးလေး သေးသေးလေး ရှိရာကနေ  အသက်ကြီးတော့ အတုံးကြီးအထိ ဖြစ်ပြီး နောက်ဆုံး လူကို လမ်းလျှောက်လို့မရတော့အောင်ကို တိုက်ခိုက်ပါတော့တယ်။

ကုသမှု

ကုသမှု အတွက် အမေရိကန်၊ အင်္ဂလန်နဲ့ ဂျပန်မှ ပညာရှင်များ ကြိုးစားရှာဖွေပါတယ်။ အကောင်းဆုံး အဖြေကိုရှာဖွေ ပေးလာနိုင်သူ ကတော့ ဂျပန် ဖြစ်ပြီး သစ်မြစ်လို တစ်ကိုယ်လုံး ဖုံးလွမ်းနိုင်မယ့် အသားပိုတွေကို ဖယ်ထုတ်ဖို့ ဆေးကောင်းကို ဖော်ထုတ်နိုင်တော့မယ်လို့ ဆိုပါတယ်။ ယခင် ဖြစ်ပွားတဲ့ သူ ၂ ဦးကို ဒီလိုပဲ ခွဲစိတ်လိုက်၊ ဖြတ်ပေးလိုက် လုပ်ခဲ့ပေမယ့် ပြန်ပြန်ပွားလာတော့ နှစ်အနည်းငယ်ကြာရင် အရင် အတိုင်း ပြန်ဖြစ်ပါတယ်။ ဒါကိုမှ ဆက်မထိန်းထားနိုင်ရင် ထင်တာ ထက်တောင် ပိုများနိုင်ပါတယ်။ အင်ဒိုနီးရှားက သစ်ပင်လူသားဆိုရင် ၂၀၀၈ ခုနှစ်က ၉၅ ရာခိုင်နှုန်းလောက် ခွဲထုတ်ခဲ့ပေမယ့် နောက်တော့ အရင် လို ပြန်ပွားလာတာပါပဲ။

ဆိုးကျိုး

ဆိုးကျိုးကတော့ သေတဲ့အထိပါပဲ။ အမြစ်က အပြင်မှာ တက်နေရုံမကတော့ ပဲ အသားအတွင်းထိပါ တွယ်စေပါတယ်။ ဒီတော့ သွေးလည်ပတ်မှု လမ်းကြောင်းတွေကိုက အစ အသားပိုများနဲ့ ဖုံးဖိစေပြီး နောက်ဆုံး သေတဲ့ အထိတောင် ဖြစ်စေပါတယ်။ အသားပိုဆိုတာ ခန္ဓာကိုယ်က မလိုအပ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ မလိုအပ်တဲ့အပြင် ဖယ်တောင်ထုတ်သင့်ပါတယ်။ သူက ဘာအကျိုးမှ မပေးတဲ့အပြင် သွေးဆဲလ်နဲ့ တစ်ရှူးတွေကိုတောင် အနှောက်အယှက်ပေးပါတယ်။ မျိုးပွားမှုနှုန်းမြန်ပြီး နောက်ဆုံး တစ်ကိုယ်လုံး ကို သစ်မြစ်လို ဖြစ်သွားစေနိုင်ပါတယ်။

ရောဂါသည်

ရောဂါသည် နှစ်ဦးတော့ လူသိများပါတယ်။ ရိုမေနီးယားနိုင်ငံက သစ်ပင် လူသားကိုမတ်လ ၂၀၀၇ က လူသိများလာပြီး အင်ဒိုနီးရှားက သစ်ပင် လူသား ကိုတော့ ၂၀၀၇ နိုဝင်ဘာလက စလို့ လူသိများသွားပါတယ်။ ပုံမှာ ပြသထားတဲ့ သူကတော့ အင်ဒိုနီးရှား နိုင်ငံက သစ်ပင်လူသား ဖြစ် ပါတယ်။ သူ့အနေနဲ့ လမ်းလည်းမလျှောက်နိုင်၊ တစ်ချိန်လုံးလည်း နာကျင်နေလို့ ထုံဆေးနဲ့အသက်ရှင်ရတဲ့အထိကို ဆိုးခဲ့ပါတယ်။ အသားပိုမို့ ဓားနဲ့သွားဖြတ်လို့တောင်မရပါဘူး။ ခံစားမှုအာရုံကြောများနဲ့လည်းဆက် စပ်နေပြီး သူ့ကိုထိရင် အသားထိသလိုပဲ နာကျင်ခံစား ရပါတယ်။ ဖြတ်မိ ၊တောက်မိရင်သွေးထွက်ပြီး သေလုမတတ် နာကျင်စေတယ်လို့ ဆိုပါတယ်။

သစ်ပင်လူသားနှင့် အနာဂတ်

ကင်ဆာရောဂါမျိုးကို ပြန်ခွဲရင်အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ သစ်ပင် လူသားဖြစ်သွားတဲ့ အသားပိုဖုံး ရောဂါကလည်း ကင်ဆာ တစ်မျိုးပါပဲ။ ကိုယ်တွင်းမဟုတ်ပဲ ကိုယ်ပြင်ပ အသားပိုတိုးစေတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ဒီလို ရောဂါက ရှားပါးတယ်ဆိုပေမယ့် သတိထားရမယ့် အရာ ဖြစ် ပါတယ်။ ပြောမယ်ဆို ဝဋ်ကြွေး တစ်ခုပါပဲ။ သစ်ပင်လူသားများ အတွက် ဖြေဆေးကို ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ကျမ်းမာရေး ထူးဆန်းထွေလာ                 
http://www.innewsmyanmar.com/2013/03/blog-post_18.html

ပေ ၄၀ ရှည်ကမ္ဘာ့အလေးဆုံး မြွေ - Anaconda


အနာကွန်ဒါမြွေလို့ လူသိများတဲ့ စပါးကြီးမြွေတစ်မျိုးဟာ တောင်အမေရိကမှာပဲ ရှိပါတယ်။ သူ့ကို စပါးကြီးမြွေ အမျိုးအစားထဲတောင် မထည့်ပါဘူး။ Anaconda (အနာကွန်ဒါ)မြွေ ဆိုပြီးတောင် သီးသန့် အမျိုးအစား မျိုးဆိပ်တစ်ခု ခွဲထားပါတယ်။ သူ့ထဲမှာမှ အနည်းဆုံး ၇ မျိုးအထိ ထပ်ကွဲသွားပြီး အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး ကတော့ အစိမ်းရောင် အနာကွန်ဒါ ဖြစ်ပါတယ်။

စားသုံးမှု

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကိုယ့်ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးတဲ့ သတ္တဝါတွေကို ဖမ်းယူ စားသုံး နိုင်ပါတယ်။ အဆိပ်ရှိတဲ့ မြွှေများ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အသုံးပြုတဲ့ မြွှေဖြစ်ပြီး သားကို အရိုးချိုးပြီးတော့ မြိုပါတယ်။ ရေကူးကျွမ်းပြီး ကုန်းနေ၊ ရေနေသတ္တဝါ နှစ်မျိုးလုံးက သူ့အတွက် အစာပဲ ဖြစ်ပါတယ်။ နွား၊ ဆိတ်၊ ယုန်၊ ရေမြင်း၊ သမင်နဲ့ အကောင်ငယ်၊ အကောင်လတ် အမျိုးမျိုးက သူ့အတွက် အစာတွေပဲ ဖြစ်ပါတယ်။

နေထိုင်မှု

တောင်အမေရိက တိုက်မှာပဲ နေပါတယ်။ အများအားဖြင့် ဗင်နီဇွဲလားနိုင်ငံမှာ စံချိန်တင် အကြီးဆုံး အကောင်တွေ တွေ့မြင်ရပြီး၊ ဘိုလီဗီးယား၊ ကိုလံဘီယာ တို့လို နိုင်ငံတွေမှာလည်း ရှိပါတယ်။ တောင်အမေရိကန်က နိုင်ငံတွေတိုင်းက တောထဲမှာ အသက်ရှင် နေထိုင်ကျက်စားပါတယ်။

အရွယ်ကြီးထွားမှု

သူ့မှာ အရွယ်ကြီးထွားမှုအတွက် ကန့်သတ်ချက် မရှိပါဘူး။ အသက်ရှင်နေသရွေ့  အရွယ်က ကြီးနေ နိုင်ပါတယ်။ ဒါကြောင့် စံချိန်တင် ကမ္ဘာ့အရှည်ဆုံး အနာကွန်ဒါဆိုရင် ပေ ၄၀ ကျော်အထိ ရှည်တာ တွေ့မြင်ခဲ့ရပါတယ်။ အငယ်ဆုံးကတော့ ၅ ပေအထက်ရှိပြီး ၂၅ ပေ အထိ ရှည်တဲ့ အနာကွန်ဒါများကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ အရွယ်ပဲ ကြီးတာ မဟုတ်ပါဘူး။ အလေးချိန်လည်း စီးပါတယ်။ ပေါင် ၅၀၀ အထက်အထိ စံချိန်တင်တွေ့ရှိထားပြီး ယင်းထက်လည်းပိုလေးနိုင်ပါတယ်။ ဒါကြောင့် အနာကွန်ဒါကို ဖမ်းဆီးတဲ့အခါကျ ဘူဒိုဇာစက်ကြီးများနဲ့ သယ်ဆောင်ရတဲ့အထိ တောင်အမေရိကမှာ တွင်ကျယ်ပါတယ်။

အန္တရယ်ပြုမှု

လူသားတွေကို အန္တရယ်မပြုနိုင်ပါဘူး။ သို့ပေမယ့် နီးနီးစပ်စပ်မနေဖို့ တားမြစ်ထားပါတယ်။ အများအားဖြင့် သူတို့ရဲ့  သားကောင်ဟာ အခြား တောရိုင်းသတ္တဝါများ ဖြစ်ပေမယ့် လူသားကိုလည်း ပစ်မှတ်ထားနိုင်ချေ ရှိလို့ ဖြစ်ပါတယ်။

အနာကွန်ဒါနှင့် သမိုင်းကြောင်း

ကမ္ဘာဦးကတည်းက တည်ရှိတဲ့ မြွေမျိုးစိတ် တစ်မျိုးဖြစ်တယ်လို့ လက်ခံ ယုံကြည်ထားကြပါတယ်။ ပေ ရာကျော် ရှာတဲ့ အနာကွန်ဒါမြွေမျိုးမှာ တစ်ချိန်က ရှိခဲ့မယ်လို့ လေ့လာသူများက မှတ်ချတ်ပြုထားပါတယ်။ ယနေ့အချိန်မှာတောင် သေချာရှာမယ်ဆိုရင် ပေ ၅၀ ကျော်လည်းတွေ့နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ သမိုင်းထဲမှာလည်း အကြီးဆုံး ဖြစ်သလို ယနေ့ခေတ်မှာလည်း အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး မြွှေတစ်မျိုး အဖြစ် စံချိန်တင်ပါတယ်။

မျိုးပွားမှု

အနာကွန်ဒါမြွေတစ်ကောင်ဟာ ဥဥရင် အလုံး ၄၀ အထိ ဥတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် တောတွေထဲမှာကျ  ဥအလုံးရေ ၁၀၀ မကလည်း တစ်ပြိုင်နက်တည်းဥနိုင်တဲ့ အနာကွန်ဒါများ ရှိနေတယ်လို့ လက်ခံ ယုံကြည်ထားပါတယ်။ ဥတစ်ခါ ဥပြီးရင် အနာကွန်ဒါမဟာ သူ့ယခင် အလေးချိန်ထက် တစ်ဝက်တိတိ ကျတယ်လို့ ဆိုပါတယ်။

အနာကွန်ဒါနှင့် အနာဂတ်

အနာကွန်ဒါမြွှေမျိုးကို အခြေခံလို့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ဒိုင်နိုဆောကဲ့သို့ အကောင်ကားတွေ များစွာပေါ်ထွက် ခဲ့ပါတယ်။ အမှန်တော့ ဇာတ်လမ်းတွေထဲမှာသာ အန္တရယ်ပြုတတ်တဲ့အကောင်လို ထင်ရမြင်ရပြီး အပြင်မှာကျ လူသားတွေနဲ့ဝေးဝေးနေတတ်တဲ့အကောင် ဖြစ်ပါတယ်။ ပေ ၂၀ အထက်ရှည်တဲ့ အနာကွန်ဒါတစ်ကောင်ကို အမေရိကန်ဒေါ်လာ ငါးသောင်းအထက်နဲ့ ပေါက်ဈေးရှိလို့ တောင်အမေရိကမှာ အနာကွန်ဒါမြွှေအမဲလိုက်မှု ခေတ်စားတယ်လို့ ဆိုပါတယ်။ အနာကွန်ဒါမြွှေမျိုးများဟာ မြွှေမှာတင်မကပပဲ သတ္တဝါတွေအားလုံးမှာ ကမ္ဘာ့ထုထည် အကြီးဆုံး သတ္တဝါတစ်မျိုးအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
http://www.innewsmyanmar.com/2013/03/anaconda.html

ဝါသနာရှင်တွေအတွက် Aftershot Photo Editor Full Version with key



အင်စတော လုပ်ပီးရင် ကီးထည့်ပါ တစ်ခုချင်းရိုက်ဖြည့်၊ ကော်ပီယူမထည့်ပါနဲ့ 

Download => www.zippyshare.com/Aftershot pro photo editor with key

Monday, 18 March 2013

ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ


မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....


ကွန်ပျူတာမှာ မော်နီတာမကောင်းတော့ဘူးဆိုမှတော့ ဘာမှကိုတက်မလာတော့တာပေါ့ဗျာ ရှင်းရော.. အဲသလို ဖြစ်လာခဲ့ရင် အရင်ဆုံးကြိုးတွေကို သေချာပြန်စစ်ကြည့်ပါ..ကြိုးမတပ်ရသေးပဲ ပါဝါကြိုးဒေတာကြိုးတွေသေချာမထိုးရသေးပဲနဲ့ မော်နီတာ ပျက်ပြီလို့ မယူဆပါနဲ့  ကွန်ပျူတာမှာ ဘယ်အစိတ်ပိုင်းကပဲဖြစ်ဖြစ် အလွယ်ဆုံးအပိုင်းက အရင်စပြီး 

စစ်ပါ(မျက်မြင်အားဖြင့်အရင်စစ်ပါ)..တခါတလေမှာအခက်ကြီးတွေစဉ်းစားပြီး အလွယ်လေးကိုမှမေ့  နေတတ်ကြလို့ ပါ…ကြိုးကို plug ပေါက်ကြိုးထိုးတာတွေသေချာပါလျက်နဲ့ မော်နီတာ screen မှာ ဘာမှကိုပေါ်မလာဘူးဆိုရင် ကြိုးမကောင်းလို့ လား ပါဝါပလပ်ကြိုးက မကောင်းလို့ လား…ဒါဆိုရင် တခြားကွန်ပျူတာ တစ်လုံးမှာ မော်နီတာကို သွားစမ်းတပ်ကြည့်ပါ..အကောင်းပကတိအတိုင်း စက်ကတက်လာတယ် မော်နီတာ အလုပ်လုပ်တယ်ဆိုလျင် data ကြိုး ပါဝါကြိုး တစ်ခုခု မကောင်းတာဖြစ်နိုင်ပါတယ်..တခြားစက်မှာလည်း မတက်ဘူး အရင်အတိုင်းပဲ screen မှာ ဘာမှပေါ်မလာဘူးဆိုလျင်တော့ မော်နီတာပျက်တယ်လို့ ယူဆနိုင်ပါပြီ..မော်နီတာ ပျက်ရခြင်း အကြောင်းရင်းမှာ သက်တမ်းကြာလို့ ပျက်စီးတာရယ် circuit ပိုင်း အရပျက်စီးတာရယ်ကြောင့် ဖြစ်တာများပါတယ်..ဖြစ်တတ်သောလက်ခဏာ များမှာ မော်နီတာတွင် အနီရောင် အစိမ်းရောင် အပြာရောင် color တစ်ခုခုတက်လာခြင်း..ကာလာများရောထွေးပြီး မငြိမ်မသက်ဖြစ်ခြင်း သုံးပြီးလို့  တစ်နာရီလောက်ကြာတဲ့အခါ အစိမ်းရောင် screen တက်လာခြင်း(CRT မှာအဖြစ်များလေ့ရှိ) ပုံရိပ်များထပ်နေခြင်း ..များဖြစ်တတ်ပါတယ် ရုတ်တရက် မီးအားဆောင့်တက်လို့  power surge ဖြစ်ခြင်း ကြောင့်လည်း မော်နီတာများ ပျက်စီးတတ်ပါတယ်..မော်နီတာ မကောင်းတော့သည့်ပုံများ အောက်တွင် လေ့လာနိုင်ပါတယ်..





မော်နီတာမကောင်းတော့ရင် မော်နီတာမကောင်းတော့ဘူးဆိုတာသေချာရင် အသစ်သာဝယ်လဲလိုက်ပါ... ကိုယ်က ကျွမ်းကျင်တဲ့ Electronic သမားမဟုတ်ရင် CRT လို tube မျိုးကိုဖွင့်ဖို့ မကြိုးစားပါနဲ့ လို့ ပြောပါရစေ… မော်နီတာဟာ AC power ကို သီးသန့် သုံးပါတယ် ဒါက LCD ရော CRT ရောဖြစ်ပါတယ်..ဒါကြောင့်သူ့ မှာ မလိုတဲ့ voltage တွေကိုသိုလှောင်ထားတဲ့ high voltage ရှိပါတယ်..high voltage anode ကို discharge လုပ်ပြီးမှသာလျင် ပြုပြင်ခြင်းများပြုလုပ်ရပါတယ်.. 


စံငြိမ်း


Credit: မြန်မာမိသားစု ဖိုရမ်

http://sun-itgarden.blogspot.com/